E-ဘောင်ချာ Icon

E-ဘောင်ချာ

Version: 2.84
Package: com.mmblur

Size: 6.26 MB

Rating: 0/5

Last Updated: 2020-05-19 06:44:14

Changes 2.84 : - bug fixes and performance improvements

APK Description:

တန်ဖိုးကြီး စက်ပစ္စည်းတွေ ဝယ်နေစရာမလိုပဲ E-ဘောင်ချာနဲ့ဆို ကိုယ်ပိုင် ဖုန်းရှိရုံနဲ့ ကိုယ့်ရဲ့လုပ်ငန်းကို စီးတီးမက်လို ခေတ်မှီ ဆိုင်ခန်းတစ်ခုဖြစ်အောင်ပြောင်းလဲနိုင်မည့် အခွင့်အရေး

- ဈေးရောင်းတဲ့အခါ တွက်စက်မလိုပဲ E-ဘောင်ချာ သုံးပြီး ဖုန်းပေါ်ကနေ ကျသင့်ငွေတွက်လို့ရတာမျိုး

-ဈေးဝယ်သူတွေကို ပေးဖို့ ဘောင်ချာတွေကိုလည်း ဝါယာလက် ပရင်တာသုံးပြီး ချက်ချင်း ဘောင်ချာစာရွက်ထုတ်လို့ရတာမျိုး

- အရေးကြီးတဲ့ အရောင်းစာရင်းတွေ ကုန်ပစ္စည်းစာရင်းတွေ ဘောင်ချာဟောင်းစာရင်းတွေကို ဖုန်းပေါ်ကနေ စာရင်းမှတ်လို့ရတော့ ဝန်ထမ်းတွေလဲ ဈေးရောင်းတဲ့အခါ မမှားတော့ဘူးပေါ့

-ဘောင်ချာပရင်တာနဲ့ ချိတ်ထားလို့ရတော့ ဘောင်ချာစာအုပ်လုပ်ဖို့ ပုံနှိပ်တိုက်ကို တကူးတက သွားနေစရာမလိုဘူး။

-ဘောင်ချာစာရွက်ထဲမှာ ဆိုင်လိပ်စာတို့ ဖုန်းနံပါတ် ပြင်ချင်တာရှိရင်လည်း E-ဘောင်ချာနဲ့ဆိုတော့ လွယ်လွယ်ကူကူ အခုချက်ချင်း ပြင်လို့ရတာမျိုး

- ဘောင်ချာပရင်တာနဲ့ ချက်ချင်း ဘောင်ချာ စာရွက် ထုတ်လို့ ရနေတော့ ဘောင်ချာတွေထိုင် ရေးနေရတာထက်ပိုပြီး အလုပ်တွင်ကျယ်တာမျိုး၏

#Eဘောင်ချာနဲ့ပတ်သတ်ပြီးအမေးများသောမေးခွန်းများ (FAQ)

#E-ဘောင်ချာဆိုတာဘာလဲ?

E-ဘောင်ချာဆိုတာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဒီဂျစ်တယ်ဈေးရောင်းစနစ်ပါ။ အရင်ကလို စာရွက်နဲ့ ဘောပင်သုံးပြီး ဘောင်ချာဖြတ်နေရတာကနေ E-ဘောင်ချာကို သုံးပြီး City-Mart ကလို ဘောင်ချာ အမိုက်စားလေးတွေ ထုတ်တာပါ။

#စသုံးတာနဲ့ပိုက်ဆံပေးရမှာလား?

များသောအားဖြင့် ဒီဂျစ်တယ် ဈေးရောင်းစနစ်တစ်ခုကို စသုံးမယ်ဆိုတာနဲ့ ပိုက်ဆံနဲ့ ဝယ်လိုက်ရပါပြီ။ ကျနော်တို့ E-ဘောင်ချာကတော့ သုံးစွဲသူတွေအတွက် ဆောင်းရာသီ ပရိုမိုးရှင်း ရက် ၃၀ အခမဲ့ ပေးထားပါတယ်။ E-ဘောင်ချာကို ဖုန်းထဲမှာ အင်တာနက်ကနေ ဒေါင်းလုတ်ရယူပြီး စမ်းသပ်သုံးစွဲ ကြည့်လို့ ရပါတယ်။

#ကိုယ့်ဆိုင်ကကုန်ပစ္စည်းအမယ်တွေကိုစာရင်းသွင်းထားလို့ရလား?

အရင်လို ကိုယ့်ဆိုင်က ရရှိနိုင်တဲ့ ကုန်ပစ္စည်းတွေကို စာရင်းစာအုပ်ကြီးတွေနဲ့ တကူးတက မှတ်နေစရာ မလိုပဲ ဖုန်းလေးထဲမှာပဲ စာရင်းသွင်းထားလို့ ရပါတယ်။ ဘယ်ပစ္စည်းကတော့ ဈေးဘယ်လောက်၊ ဘယ်ပစ္စည်းကတော့ ကိုယ့်ဆိုင်မှာ ရှိတယ်စတာတွေကို ဖုန်းလေးနဲ့ပဲ မှတ်ထားတော့ ဈေးဝယ်သူတွေ လာဝယ်လို့ ရောင်းတဲ့အခါမှာလည်း စာရင်းစာအုပ်ကြီးနဲ့ တကူးတက လိုက်ရှာနေစရာ မလိုတော့ဖူးပေါ့။

#ပစ္စည်းအမယ်ဘယ်နှခုလောက်ထည့်လို့ရလဲ?

အခုလက်ရှိ E-ဘောင်ချာ သုံးစွဲသူတစ်ယောက် အများဆုံး ထည့်ထားတဲ့ ပစ္စည်းအရေအတွက်က အခု ၃၀၀ ဖြစ်ပြီး အဲ့ထပ်လည်း ပိုထည့်လို့ရပါတယ်။

#ဗမာလိုသုံးလို့ရလား?

ကျနော်တို့ E-ဘောင်ချာက ဗမာစာကိုသာ အသုံးပြုထားပါတယ်။ ဒါ့ကြောင့်မို့ လူငယ်တွေသာမက နည်းပညာနဲ့ အလှမ်းဝေးတဲ့ လူကြီးတွေပါ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။

#ဘောင်ချာဖြတ်လို့လွယ်ရဲ့လား?

သမာရိုးကျ စာအုပ်နဲ့ဘောပင်သုံးပြီး ဘောင်ချာဖြတ်တာမျိုး မဟုတ်ပဲ ဖုန်းလေးနဲ့ ဖြတ်တာဖြစ်တဲ့အတွက် အချိန်ကုန်၊ ငွေကုန်၊ လူကုန် သက်သာပါတယ်။ ဈေးဝယ်သူတွေ လာဝယ်တဲ့အခါမျိုးမှာလည်း ဘောင်ချာဖြတ်တာကို အကြာကြီး စောင့်နေရတာမျိုး၊ ဘောင်ချာဖြတ်ဖို့ပဲ သီးသန့် ဝန်ထမ်းထပ်ခေါ်ရတာမျိုး မလိုအပ်တော့ဖူးပေါ့။

#ဘောင်ချာဟောင်းတွေပြန်ကြည့်လို့ရလား?

ကိုယ့်ဆိုင်ရဲ့ တစ်နေ့တာ ရောင်းခဲ့တဲ့ ဘောင်ချာတွေကို ရက်စွဲတွေအလိုက် ပြန်ကြည့်နိုင်ပါတယ်။ ဘောင်ချာအဟောင်းတွေကို ဖုန်းလေးနဲ့ပဲ ကြည့်လို့ ရတော့ ဒီနေ့တော့ ဘယ်လောက်ဖိုး ရောင်းရတယ်။ ဘာပစ္စည်းတွေ ရောင်းရတယ်ဆိုပြီး အလွယ်တကူ သိနိုင်ပါတယ်။

#E-ဘောင်ချာသုံးဖို့ဘာအပိုပစ္စည်းတွေထပ်ဝယ်ရဦးမှာလဲ?

ကျနော်တို့ E-ဘောင်ချာက မည်သည့် ဖုန်း၊ မည်သည့်တက်ဘလက်မှာမဆို အသုံးပြုလို့ ရတာမို့ ကွန်ပျူတာလို တန်ဖိုးကြီး ပစ္စည်းတွေ ထပ်ဝယ်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်မှာရှိတဲ့ ဖုန်းလေးနဲ့ ဒေါင်းလုတ်လုပ်ပြီး သုံးရုံပါပဲ။

#ပရင်တာကရောဘယ်နှမျိုးရှိလဲ?

E-ဘောင်ချာနဲ့ တွဲသုံးလို့ရတဲ့ ပရင်တာအမျိုးအစား နှစ်ခုရှိပါတယ်။ E-ဘောင်ချာက ပရင်တာတွေဟာ အင်တာနက် မလိုအပ်ပဲ ဖုန်းမှာရှိတဲ့ ဘလူးတုလေးနဲ့ပဲ ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

#အထိုင်ပရင်တာ

ပထမတစ်ခုကတော့ အထိုင်ပရင်တာ၃ သိန်းကျပ် ဖြစ်ပါတယ်။ မီးထိုးထားရန် လိုအပ်ပါတယ်။ ၃လက်မအရွယ် ဘောင်ချာစာရွက်လေးတွေ ထွက်လာမှာ ဖြစ်ပြီး မင်ထည့်ရန် မလိုအပ်ပါဖူး။ စက်က အလိုအလျောက် ဘောင်ချာစက္ကူကို ဖြတ်ပေးပြီး လူက ဘောင်ချာစက္ကူကို ဖြတ်စရာ မလိုပါဖူး။

#ခါးချိတ်ပရင်တာ

ဒုတိယတစ်ခုကတော့ ခါးချိတ်ပရင်တာလေးပါ။ ၃ သိန်းကျပ်ာဖြစ်ပြီး ဘတ်ထရီနဲ့မို့ သွားလေရာ သယ်သွားလို့ ရပါတယ်။ ၃လက်မအရွယ် ဘောင်ချာစာရွက်လေးတွေ ထွက်လာမှာ ဖြစ်ပြီး မင်ထည့်ရန် မလိုအပ်ပါဖူး။ ဒီစက်လေးကတော့ ဘောင်ချာစက္ကူကို လူက ဖြတ်ပေးရမှာ ဖြစ်ပါတယ်။

#ပရင်တာကရောဘယ်မှာဝယ်လို့ရလဲ?

ဟုတ်ကဲ့.... ပရင်တာကိုလည်း ကျနော်တို့ 09444457088 ဆီမှာပဲ မှာလို့ ရပါတယ်။

Download APK Google Play
Download com.mmblur.apk: